ပြည် - ထုံးဘို အကောက်တောင်ဘုရားများကို ကုန်းတစ်တန် ရေတစ်တန်သွား၍
ဖူးရသဖြင့် အခြားဘုရားဖူး ခရီးစဉ်များထက် ပိုမို စိတ်ဝင်စားစရာ ကောင်းနေပါသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ကျောက်တောင်ကြီးများ၏ နံရံတွင် ထုဆစ်ပူဇော်
ထားသော အကောက်တောင် ဘုရားများကို ယခင်က လူသိနည်းပြီး ဘုရားဖူးအဖွဲ့များ၏
ဆောင်ရွက်မှုကြောင့် လူသိများလာခြင်း ဖြစ် ပါသည်။
ဘုရားဖူးများသည် ရန်ကုန်မြို့မှ ပြည် - ထုံးဘို သို့ လေအိတ်ကားကြီးများဖြင့် သက်သောင့်
သက်သာ သွားပြီးနောက် ထုံးဘိုမှ တစ်ဆင့် စက်လှေဖြင့် ခရီးဆက်ကာ အကောက်တောင်သို့
သွားရခြင်း ဖြစ်ပါသည်။ ထုံးဘိုမြို့သည် ပြည်မြို့နယ်စု ပန်းတောင်းမြို့နယ် အတွင်း ပါဝင်သော
မြို့တစ်မြို့ ဖြစ်ပြီး အမျိုးသား ခေါင်းဆောင်ကြီး သခင်မြ၏ ဇာတိမြို့ ဖြစ်ကြောင်း သိရပါသည်။
မြစ်မင်းဧရာဝတီသည် မြောက်မှတောင်သို့ စီးဆင်းလာစဉ် ထုံးဘိုမြို့အနီး၌ မြစ်ကျဉ်း
အနေအထား တွေ့ရသော်လည်း တောင်ဘက် အခြမ်း၌ ပိုမိုကျယ်ပြန်စွာ စီးဆင်းနေသည်ကို
တွေ့ရပါသည်။ ထုံးဘိုမှ စက်လှေဖြင့် ထွက်ခွာလာသည့် ဘုရားဖူးများသည် စိမ်းညို့
မတ်စောက်သော တောင်နံရံပေါ်တွင် တွင်းထုထားသော ရုပ်ပွားတော်အမျိုးမျိုးကို
လှမ်းမျှော်ကြည့်ရင်း ဓာတ်ပုံများ ရိုက်ကူး မှတ်တမ်း တင်နေကြပါသည်။
ဤမျှ များပြားသော ဗုဒ္ဓရုပ်ပွားတော်များကို ဤမျှ မြင့်မားသော တောင်နံရံတွင် ဤမျှ
ခက်ခက်ခဲခဲ ထုဆစ်ပူဇော်ထားသော နေရာမှာ အကောက်တောင် တစ်ခုတည်းသာ
ရှိသဖြင့် နိုင်ငံခြားသားများနှင့် ဗုဒ္ဓဘာသာဝင်များ အစုအဖွဲ့ဖြင့် လာရောက်ကာ ဘုရားဖူး
ကြခြင်း ဖြစ်ပါသည်။ ရခိုင်ရိုးမနှင့် ထိစပ်နေသော တောင်သုံးတောင်၏ နံရံတွင် ထွင်းထု
ထားသော ဗုဒ္ဓရုပ်ပွားတော်သည် ရှေးယခင် က ၁၀၀၀ ရှိသဖြင့် ဗုဒ္ဓတစ်ထောင်
အကောက်တောင်ဟု ခေါ်တွင်ခဲ့ကြောင်းလည်း သိရပါသည်။
အကောက်တောင် နံရံပေါ်တွင် ထွင်းထုပူဇော်ထားသည့် ရုပ်ပွားတော်များသည်
ထုံးသင်္ကန်းကြောင့် ဖြူဖွေးတောက်ပနေရာ စိမ်းညို့နေသော တောင်နံရံတွင်
အလွန်ပေါ်လွင်နေသည်။ တသွင်သွင် စီးဆင်းနေသော ဧရာဝတီမြစ်ပြင်၊ မြင့်မားသော
ရခိုင် ရိုးမ တောင်တန်းတောင်စွယ်နှင့် ဗုဒ္ဓရုပ်ပွားတော်များ ပေါင်းစပ်သောအခါ
အကောက်တောင်ြ ဖစ်လာသော်လည်း ဗုဒ္ဓရုပ်ပွားတော် များ မရှိလျှင် ဧရာဝတီမြစ်
ရှုခင်းတစ်ခုသာ ဖြစ်နေပါလိမ့်မည်။
အကောက်တောင်ကို စိတ်ဝင်စားသဖြင့် အကောက်တောင် ရုပ်ပွားတော်များကို
စိတ်ဝင်စားသဖြင့် အကောက်တောင်၏ သမိုင်းနောက်ခံကို လေ့လာသောအခါ
ကုန်းဘောင်ခေတ်နှောင်းအပိုင်း မင်းတုန်းမင်းလက်ထက် သမိုင်ပုံရိပ်ကို ခြေရာခံမိပါသည်။
မင်းတုန်းမင်းလက်ထက်တွင် မြို့တော်ဝန် ဦးကောက်ရကို အခွန်ကောက်ရန်
တာဝန်ပေးစေလွှတ်သဖြင့် ဤနေရာတွင် အကောက်ရုံး ဖွင့်သောကြောင့်
အကောက်တောင်ဟု အမည်တွင်လာကြောင်း သမိုင်းအမှတ်အသားများရှိခဲ့ပါသည်။
ထိုနေရာတွင် အကောက်ရုံး ဖွင့်စဉ်က ရုပ်ပွားတော်များမရှိသေးဟုလည်း ပြောနိုင်ပါသည်။
ဧရာဝတီမြစ်အတွင်း အစုန်အဆန်ကူး သန်းသွားလာနေသော လှေဖောင် များသည်
အခွန်ပေး ဆောင်ရန်အတွက် အကောက်ဆိပ် တွင် ခရီးတစ်ထောက် နားရင်း ပန်းပု
ဝါသနာသူများက ကျောက်တောင်နံရံတွင် ဗုဒ္ဓရုပ်ပွားတော်များ စတင်ထွင်းထု
ပူဇော်ခဲ့သည်ဟု မှတ် သားရပါသည်။
အစပိုင်းတွင် ပန်းပုဝါသနာရှင် ကျောက်ဆစ်ပညာ ရှင် တစ်ဦးနှစ်ဦးက ရုပ်ပွားတော်များ
စတင်ထွင်းထုသော် လည်း နောက်ပိုင်း တွင် ဒေသပေါင်းစုံမှ ပညာရှင်ပေါင်းစုံ
ရောက်လာသဖြင့် ရုပ်ပွားတော်များ တဖြည်းဖြည်းများပြား လာခြင်းဖြစ်နိုင်ပါသည်။
မြင့်မား မတ်စောက်သော တောင်နံရံတွင် ရုပ်ပွားတော်အမျိုးမျိုး ထုဆစ်ထားသည်မှာ
အလွန်အံသြဖွယ်ကောင်းပြီး ရှေးမြန်မာကြီးများ ၏ ကျောက်ဆစ် ပညာနှင့် ဘာသာရေး
စိတ်ဓာတ်ကို မလေးစားဘဲမနေနိုင် အောင်ဖြစ်မိပါသည်။ တောင်နံရံတွင် ပျားအုံသဖွယ်
ဂူ ပေါက်လေးများ ပြုလုပ်ပြီး ရုပ်ပွားတော်များထုဆစ်ခြင်းမှာ အလွန်ခက်ခဲပြီး ဝါးငြိမ်းများ
ဆင်၍ သက်စွန့်ကြိုးပမ်း ဆောင် ရွက်နေခြင်းဖြစ် ပါသည်။
အကောက်တောင်တွင် ရုပ်ပွားတော်များ အပြည့်အစုံရှိစဉ်က ရုပ်ပွားတော် စုစုပေါင်း
တစ်ထောင်ခန့်ရှိခဲ့ပြီး ဗုဒ္ဓတစ်ထောင် အကောက်တောင်ဟု အမည်တွင်ခဲ့သော်လည်း
တဖြည်းဖြည်းပြိုကျ ပျက်စီးသဖြင့် လျော့နည်းလာကာ ယခုအခါ ရုပ်ပွားတော် ၆ဝဝ ကျော်
ပျက်စီးပြီး ရုပ်ပွား တော်၃ဝဝ ကျော်သာကျန်တော့ကြောင်းလည်း စိတ်မ ကောင်းဖွယ်
သိရပါသည်။ အကောက်တောင်ပေါ် တွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေသော
ဆရာတော် ဦးပညာဒီပက ''ဒီနေရာတွေက ဟိုးရှေးကတည်းက ရှိခဲ့တဲ့
ရုပ်ပွားတော်တွေဖြစ်တယ်။ စနစ်တကျ မထိန်းသိမ်းရင် ပျက်စီးသွားမှာသေချာတယ်။
ဘုန်းကြီးတို့အနေနဲ့ ထိန်းသိမ်းပေ မယ့် ရှေးဟောင်းလက်ရာတွေ ဖြစ်တဲ့အတွက်
လုပ်ခွင့်မရှိဘူး။ ထုံးတောင် လွတ်လွတ်လပ်လပ် သုတ်လို့မရဘူး၊ ဒေသခံတွေ
ထိန်းသိမ်းခွင့် မရှိရင် ရှေးဟောင်းကပဲ ထိန်းသိမ်းသင့်တယ်၊ ထိန်းသိမ်းဖို့
လိုအပ်နေတာကြာပါပြီ၊ ရှေး ဟောင်းဘုရား ရုပ်ပွားတော်တွေ ပျက်စီးသွားတာ
ကြည့်မ နေဘဲ ထိန်းသိမ်းသင့်တယ်''ဟု မိန့်ကြားပါသည်။

ထုံးဘိုမြို့မှ ဗုဒ္ဓဘာသာဝင်များသည် အခါကြီးရက် ကြီး ဝါဆိုလပြည့်၊ သီတင်းကျွတ်
လပြည့်စသောနေ့များတွင် အကောက်တောင်သို့ စက်လှေများဖြင့်သွားကာ ဆန်
တစ် တင်းကို ဆွမ်းချက်၍ ဘုရားတစ်ဆူလျှင် တစ်ဇွန်း ဆက် ကပ်လှူဒါန်းသော်လည်း
ဆွမ်းမကပ် ရသေးသော ရုပ်ပွား တော်များကျန်နေတတ်ကြောင်း၊ ရုပ်ပွားတော်
အလွန်များ ပြားကြောင်း ဒေသခံများပြောသဖြင့် သိရပါသည်။ သို့ သော်လည်း
၂ဝဝ၇ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများလာရောက်
လေ့လာသောအခါ နံရံကပ် ရုပ်ပွားတော်အဆူ ၁ဝဝဝ မပြည့်တော့ဘဲ ၃၇ဝ သာ
ကျန်တော့ ကြောင်းသိရပါသည်။ ကုန်းဘောင် ခေတ်တွင် ထုလုပ် ခဲ့သော ရှေးဟောင်း
ဗုဒ္ဓရုပ်ပွားတော်များ ဤကာလအတွင်း ၆ဝဝ ကျော်ပျက် စီးသွားခြင်းသည် ဘာသာရေး
အရ ဆုံးရှုံးခြင်းဖြစ် သလို ရှေးဟောင်း သုတေ သန ကဏ္ဍအတွက်လည်း
ဆုံးရှုံးမှုဖြစ်ကြောင်း ထင်ရှားပါ သည်။ အစားထိုးမရသော ဆုံးရှုံးမှုဖြစ်ပါသည်။
ဘုရားဖူးအဖွဲ့တွင်ပါလာသော အသက် ၇ဝ ကျော်လူကြီးလူကောင်းတစ်ယောက်က
''ဒီ တောင်တွေဟာ ထုံးကျောက်တောင်တွေ ဖြစ် တဲ့အတွက် ရုပ်ပွား တော်တွေ
ထုဆစ်ရတာလွယ်ပေမယ့် နှစ်တွေကြာမြင့်တဲ့အခါ အ လွယ်တကူ ပျက်စီးနိုင်ပါတယ်။
အရင်တုန်းက နံရံပေါ်က ဂူပေါက်တွေမှာ ရုပ်ပွားတော်တွေ အပြည့်ရှိ ခဲ့ပေမယ့်
တဖြည်းဖြည်း ဂူပေါက် အလွတ်တွေများလာတယ်။ ဗုဒ္ဓ တစ်ထောင်
အကောက်တောင်ဟာ စာထဲမှာပဲ ရှိနိုင်ပါတော့တယ်''ဟု ပြောခဲ့ပါသည်။
အကောက်တောင်ရှိ ထုံး ကျောက်လွှာများသည် ကျောက်ကုတ်ကျောက်လွှာဆင့်များဖြစ်ပြီး
ဘူမိသက်တမ်းတစ်ခုတွင် ပင် လယ်ရေ တိမ်ပိုင်းအဖြစ် အနည်ကျ ပြီး နောက်
ဧရာဝတီကျောက်လွှာ စုမှ ပြတ်ကျန်ရစ်ခဲ့ခြင်းဖြစ်သည် ဟု ဘူမိဗေဒပညာရှင်မော်ရေး
စတူးဝပ် က ပြောခဲ့ကြောင်း သိရပါသည်။ သဲကျောက်များ၊ ရှေးလ် ကျောက်များ၊
ထုံးကျောက်များ ရောစပ်ပါဝင်သဖြင့် ပန်းပုဆရာများ အလွယ် တကူ ထုဆစ်နိုင်ခဲ့သည်
ဟုလည်း မှတ်ချက်ပေးထားပါသည်။ မုံရွာမြို့တစ်ဖက်ကမ်း ယင်းမာပင်မြို့နယ်ရှိ
ဖိုဝင်တောင် နှင့် ရွှေ ဘတောင် များတွင်လည်း ကျောက်ထွင်းလက်ရာများရှိသော် လည်း
အကာအရံမရှိသဖြင့် လေ ဒဏ်မိုးဒဏ် သဘာဝဘေးရန်ကို တိုက်ရိုက်ခံစားရသော
အကောက် တောင်ဘုရား ရုပ်ပွားတော်များက ပျက်စီးမှု ပိုမိုမြန်ဆန်ခြင်းဖြစ်နိုင် သည်ဟု
ယူဆကြပါသည်။
ကုန်းဘောင်ခေတ်တွင် စတင်ထုလုပ်ခဲ့သည်ဟု ဘူမိဗေဒ ပညာရှင်များ ခန့်မှန်းထားသော
အကောက်တောင် ရုပ်ပွားတော် ကြီးများသည် အမိုးအကာများရှိ လျှင် ဤမျှလျင်မြန်စွာ
ပျက်စီး လိမ့်မည် မဟုတ်ပါ။ ဧရာဝတီမြစ် ကမ်းပါးရှိ ကျောက်တောင်နံရံပေါ် တွင်
ထွင်းထုထားသော ရုပ်ပွား တော်များသည် မူလကပင် လေဟာပြင်တွင် ထုလုပ်
ထားခြင်းဖြစ် သဖြင့် အမိုးအကာများ တင်ဆင်၍ လည်း မဖြစ်နိုင်ပါ။ ယခုအခါ
အ ကောက်တောင်တွင် ဗုဒ္ဓရုပ်ပွား တော် ၃၇ဝ ကျန်ရှိသည်အနက် အများစုမှာ
ထိုင်တော်မူ ရုပ်ပွား တော်များဖြစ်ကြောင်းလည်း သိရ ပါသည်။

အကောင်းပကတိကျန်ရှိ နေသော ရုပ်ပွားတော်များတွင် ဆေးများပြယ်လွင့်နေသဖြင့်
အချိန်မီပြုပြင်မွမ်းမံရန် လိုအပ်နေ ကြောင်း ထင်ရှားပါသည်။ ဧရာဝ တီမြစ်ပြင်ကို
မျက်နှာမူထားသော အကောက်တောင်ရုပ်ပွားတော်များ သည် နေဒဏ်၊ လေဒဏ်၊
ရေဒဏ် ကို နှစ်ပေါင်းများစွာ အတားအဆီး မရှိ၊ အကာအကွယ်မရှိခံနေရသ ဖြင့်
ဤမျှလျင်မြန်စွာ ပျက်စီးခြင်း ဖြစ်နိုင်သော်လည်း တာဝန်ရှိသူ များက တာဝန်ကျေပွန်စွာ
ဆောင် ရွက်လျှင် အပျက်အစီးသက်သာ ပါမည်။
အကောက်တောင်ဘုရားများကို မင်းဧကရာဇ်အမိန့်ဖြင့် ထွင်းထုပူဇော်ခြင်းမဟုတ်ဘဲ
အ ခြေခံလူတန်းစားများကိုယ်တိုင် ဧရာဝတီမြစ် ကို စုန်ရင်းဆန်ရင်း အချိန်လု၍
ထွင်းထုခဲ့ခြင်းဖြစ်သ ဖြင့် အခြားဘုရားများကဲ့သို့ ကုသိုလ်ရှင်ဘုရင် ဧကရာဇ်အမည်
ရေးထိုး ထားသော ကျောက်စာတိုင် မရှိပါ။ အခြေခံလူတန်းစား ပြည် သူများကိုယ်တိုင်
သဒ္ဓါထက်သန် စွာ ထွင်းထုပူဇော်ခြင်းဖြစ်သဖြင့် အကောက်တောင်ဘုရားများ၏
ဒါယကာသည် အောက်ခြေလူ တန်းစား ပြည်သူများသာဖြစ် ကြောင်း မှတ်တမ်းတင်
ထားသင့်ပါ သည်။ အကောက်တောင် ဘုရားများကို ဖူးပြီးနောက် တောင်ပေါ်သို့
တက်သွားလျှင် သီရိဘင်္ဂလွန်မြို့ နှင့် သီရိဘင်္ဂလွန်ဘုရင် အ ကြောင်း လေ့လာ
သိရှိနိုင်သော် လည်း ပြည်သူများကိုယ်တိုင် တည်ခဲ့သည့် အကောက်တောင် ဘုရားများ
ရေရှည်တည်တံ့ရေးကို သာ စိတ်ဝင်စားသော ဘုရားဖူး ပြည်သူအချို့သည် တောင်ပေါ်
မ တက်ဘဲ လက်ကျန် ဘုရားများကို သာ အချိန်ယူ၍ စေ့စေ့ စပ်စပ် လေ့လာ
ဆန်းစစ်နေကြပါသည်။
မြန်မာပြည်တစ်ဝန်းရှိ ဘုရားပုထိုးစေတီများကို အချိန်ရတိုင်း ဘုရားဖူးသွားနေသော
ရန်ကုန်မြို့မှ သက်ကြီးဝါပြီး ဘုရားဖူး တစ်ယောက်က
''ကျွန်တော်မြန်မာပြည်အနှံ့ ဘုရားတွေဖူးပြီးပါပြီ၊ အကောက်တောင်ဘုရား မြင်ကွင်းမျိုးဟာ
ဒီတစ်နေရာတည်းရှိတဲ့ အတွက် ရေရှည်တည့်တံ့ခိုင်မြဲစေချင်ပါတယ်။
ဧရာဝတီမြစ်ကမ်းပါးမှာ ပူဇော်ထားတဲ့ ရုပ်ပွားတော်တွေ ဧရာဝတီမြစ်ထဲ ပြိုကျသွားရင်
အကောက်တောင် ပျောက်သွားနိုင်ပါတယ်။ အခုတောင် အကောက် တောင်မှာ
ရုပ်ပွားတော်မရှိတဲ့ ဂူ ပေါက်လွတ်တွေများနေပြီ။ မကြာမီ ထပ်များလာမှာ သေချာပါတယ်။
ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ အမြန်ဆုံးစတင်ဖို့ လိုနေ ပါပြီ''ဟု
တွေးတွေးဆဆပြောခဲ့ ပါသည်။
ကုန်းဘောင်ခေတ် ရှေးမြန်မာပန်းပုပညာရှင်များ ခက်ခက်ခဲခဲ ထွင်းထုပူဇော်ခဲ့သည့်
အ ကောက်တောင်ရုပ်ပွားတော်များကို သိပံ္ပ ပညာ ထွန်းကားသော
မျက် မှောက်ခေတ်တွင် မထိန်းသိမ်းမပြု ပြင်နိုင်လျှင် မျိုးဆက်သစ်များ တာဝန်
မကျေရာရောက်ပါလိမ့် မည်။ အကောက်တောင်တွင် ရုပ် ပွားတော်မရှိသော ဂူပေါက်
အ လွတ်များလာလျှင် အကောက် တောင် ရုပ်ပွားတော်များဟု မခေါ် နိုင်ဘဲ
အကောက်တောင် ဂူပေါက် အလွတ်များဟု ပြောင်းလဲခေါ်ဝေါ် ရပါလိမ့်မည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအားလုံး ထိုသို့ခေါ် ချင်မည် မဟုတ်ပါ။
ဘသန်းတင်