Friday, October 28, 2016
လေဖြတ်ရောဂါအကြောင်း သိကောင်းစရာများ
     ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့သည် ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ ( World Stroke Day ) ဖြစ်ပါသည်။ ကျန်းမာခြင်းသည် လူတိုင်းအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည်နှင့် အညီ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်၊ သန်စွမ်း၍ အသက်ရှည်ရှည်နေနိုင်ခြင်းသည် အနှိုင်းမဲ့ဆုလာဘ်တစ်ပါး ဖြစ်ပါသည်။ ကျန်းမာခြင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်သန်စွမ်းခြင်းတို့၏ တန်ဖိုးကို မကျန်းမာသောအခါ၊ မသန်မစွမ်းဖြစ်ကြသောအခါတွင်မှ ပို၍ သိနားလည်လာတတ်ကြသည်။
          လေဖြတ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် သေဆုံးခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သကဲ့သို့ နာတာရှည် မသန်မစွမ်းဖြစ်ကျန်ရစ်စေသော အကြောင်းအရင်းတွင်လည်း အဓိက အချက်တစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့ကြီး ( World  Stroke Organization ) ၏ အဆိုအရ ကမ္ဘာပေါ်တွင် လူခြောက်ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်တွင် လေဖြတ်ရောဂါ ဖြစ်နိုင်ပါသည်။
Friday, October 21, 2016
ကထိန် အကြောင်းသိကောင်းစရာ
အနာမန္တစာရ စသည်ငါးပါးသောသိက္ခာပုဒ်တို့ ကိုသံဃာအတွင်း၌ပြုခြင်းငှါစွမ်းနိုင်၍ မြဲမြံ ခိုင်ခံ့ တည်တံ့
သောအနက်။ မှီငြမ်းမရှိ၊ မိမိချည်းသာ၊ လိုရာအလျောက်၊ ပေါက်ရောက်စည်ကား၊ ကြီးပွားလေပြီ၊ 
သစ်ပင်ကြီးတမျှ၊ ခိုင်ခံ့ လှသောအနက်။ ဘုရားကအစ၊ အရိယာအပေါင်း၊ အရှင်ကောင်းတို့ သည်၊
 ကောင်း၏ ကောင်း၏ဟု ချီးမွမ်းအပ်သောကြောင့် ကထိန်မည်ပါသည်။
သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသီတင်းသုံးတော်မူသောကာလ၀ယ် ပညတ်တော်
မူပါသည်။ ပါဝေယျကရဋ္ဌ၀ါသီ ဘဒ္ဒ၀ဂ်သခင်ညီနောင်သုံးကျိပ်တို့ ကို အကြောင်းပြု၍ ခွင့်ပြုခဲ့ပါသည်။ ဘဒ္ဒ၀ဂ်သခင် အရှင်တစုတို့ သည် သဗ္ဗညုဘုရားရှင်ကိုခူးမြင်ခြင်းငှါ ပါဝါမြို့ မှသာဝတ္တိ သို့ အလာတွင် 
ဝါလနီးသောကြောင့် သာဝတ္ထိပြည်ကြီးသို့ မရောက်နိုင်ကြ၍ သာကေတမြို့ တွင် ၀ါဆိုပြီး ၀ါကျွတ်
သော်ဇေတ၀န်ကျောင်းအသွား မိုးမိ၍ ရွှံ့ နှစ်ညွန်စေးညစ်ကြေးစွဲကပ်သောသင်္ကန်းဖြင့် ပင်ပန်းသော
သဘောရှိသော ထိုရဟန်းတို့ ကိုမြင်လျှင် အလွန်ပင်သနားတော်မူလှ၍ နောင်လာ သံဃာတော် 
တို့ အားလည်း အကျိုးစီးပွါးများစေခြင်းငှါ ကထိန်ကို ခွင့်ပြုတော်မူခဲ့သည်။
သီိတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မှစ၍ တန်ဆောင်မုန်းလပြည့်နေ့ အထိ တစ်လအတွင်း 
ခင်းအပ်သောကာလဖြစ်ပါသည်။ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်မှသာ ကထိန်ခင်းခြင်းငှါ 
ထိုက်ပါသည်။ သံဃာသည် ကထိန်၏မူလမည်ပါသည်။
ကိုးထည်သောသင်္ကန်းတို့ တွင် ဒုကုဋ်.ကိုယ်ဝတ်.သင်းပိုင်အားဖြင့် သုံးထည်သောသင်္ကန်းသာ 
ကထိန်၏၀တ္ထုမည်ပါသည်။ (၀တ္ထု = အကြောင်း၊ တည်ရာမှီရာ၊ ဥစ္စာပစ္စည်း) ခေါမမည်သော လျှော် 
တမည် ၀ါချည်တမျိုးပိုးချည်တရပ် သက္ကလတ် တတန် ပိုက်ဆံလျှော်တချက် ငါးပါးစုံရောယှက်၍ 
ရက် အပ်သော ပုဆိုးဟူ၍ ဇာတိဗေဒအားဖြင့် ခြောက်ထည်အပြားရှိပါသည်။ လျှော်ဖွပ်စီရင်
 ဖြတ်ယှဉ် ချုပ် ဆိုး ဗိန္ဒုထိုးဖြင်းဟုဆိုအပ်သောပုဗ္ဗကရဏ ခုနှစ်ပါးသည် အစ၊ ပစ္စုဒ္ဓိုရ်ပြုခြင်း
အဓိဋ္ဌာန်တင်ခြင်းသည် အလယ်၊ ၀စီဘေဒမုခလှစ်ဖွင့် နှုတ်ဆိုမြွက်၍ခင်းခြင်းသည် ကထိန်၏
အဆုံးဖြစ်ပါသည်။
ဤသိမ်ဥပစာရအတွင်း၌ တည်သောရဟန်း၊ အနုမောဒနာပြုသောရဟန်း၊ သူတပါးကိုကြားသိ
 စေသောရဟန်း၊ ဤရဟန်းသုံးယောက်တို့ သည် ကထိန်ခင်းခြင်းကြောင့်ဖြစ်သော အကျိုးဂုဏ်အင် 
အာနိသင် တို့ ကိုရထိုက်ပါသည်။ ငါးပါးအရေအတွက်ရှိသောရဟန်း၊ ထို့ ထက်သင်္ချာအရာအထောင်
 ဖြစ်သောရဟန်းတို့ သည် ကထိန်ခင်းခြင်းငှါထိုက်ပါသည်။ ပုရိမ၀ါသို့ မပြတ်၊ ကပ်သောဝါရှိသဖြင့်၊
 ပဌမပ၀ါရဏာနေ့ ၌၊ ချမ်းမြေ့ သာယာ၊ ပ၀ါရဏာပြုကြသော ရဟန်းတို့ သည်ကထိန် ခင်းထိုက် 
ပါသည်။ (၀ါမကျိုးသောရဟန်းကိုဆိုလိုသည်) သဒ္ဓါကြည်ဖြုလှူအပ်သော သင်္ကန်းပင်ဖြစ်စေ၊ ဗြဟ္မာအများ ညွတ်တွားကော်ရော် ပူဇော်အပ်သော သက်န်းပင်ဖြစ်စေ၊ သီတင်းသုံးဖော်ငါးယောက် တို့ တွင် တစ်ယောက်ယောက်သောသူ လှူအပ်သောသင်္ကန်းပင်ဖြစ်စေ၊ အမှတ်မရှိသောသူ လှူအပ်သောသင်္ကန်း
ပင်ဖြင့်ပင် ဖြစ်စေခင်းအပ်ပါသည်။
ကထိန်အလှူရှင်များ ရရှိသောအကျိုးငါးပါး
၁။ အဆီးအတားမရှိ မိမိလိုရာသို့ လွယ်ကူစွာသွားနိုင်ခြင်း၊ မင်းဒဏ်စိုးဒဏ်မှ လွတ်ကင်းချမ်းသာရခြင်း၊
၂။ ၀န်ထုတ်မပါ ပေါ့ပါးစွာ သွားတဲ့နေရာချမ်းသာမှုနဲ့ တွေ့ ရခြင်း၊
၃။ ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ မှန်စွာမယွင်း ပေါများခြင်း၊
၎။ အဘိုးတန် ဆန်းကြယ်ခေတ်ပေါ်သော အ၀တ်အစားကောင်းများ ၀တ်ဆင်ရခြင်း၊
၅။ မိမိပိုင်ငြား ပစ္စည်းများကို ရန်သူမျိုးငါးပါးတို့ မှ မဖျက်ဆီးနိုင်ခြင်း။
Photo: Khun Too / Myint Myat Thu
Sunday, March 20, 2016
အချိုမှုန့် ၏ ဆိုးကျိုးအန္တရာယ်များ
ရေရှည် မှန်မှန် စားသွားရင် ဒီလောက်အန္တရာယ် များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate(MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်တာ ဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား? ပုံမှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ။
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်း ဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလိုအ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။
(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။
(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက် ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာအ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)
(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။
(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။
(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက် တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်ခင်ဗျား။
Healthcare.com.mm
ဇရပ်ကြီး Media - တောင်ငူခရိုင်သတင်း
Thursday, January 14, 2016
ပြည် - ထုံးဘို အကောက်တောင်ပေါ်မှ ရှေးဟောင်းဘုရား ရုပ်ပွားတော်များ
ပြည် - ထုံးဘို အကောက်တောင်ပေါ်မှ ရှေးဟောင်းဘုရား ရုပ်ပွားတော်များ 
ပြည် - ထုံးဘို အကောက်တောင်ဘုရားများကို ကုန်းတစ်တန် ရေတစ်တန်သွား၍
ဖူးရသဖြင့် အခြားဘုရားဖူး ခရီးစဉ်များထက် ပိုမို စိတ်ဝင်စားစရာ ကောင်းနေပါသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ကျောက်တောင်ကြီးများ၏ နံရံတွင် ထုဆစ်ပူဇော်
ထားသော အကောက်တောင် ဘုရားများကို ယခင်က လူသိနည်းပြီး ဘုရားဖူးအဖွဲ့များ၏
 ဆောင်ရွက်မှုကြောင့် လူသိများလာခြင်း ဖြစ် ပါသည်။
ဘုရားဖူးများသည် ရန်ကုန်မြို့မှ ပြည် - ထုံးဘို သို့ လေအိတ်ကားကြီးများဖြင့် သက်သောင့်
သက်သာ သွားပြီးနောက် ထုံးဘိုမှ တစ်ဆင့် စက်လှေဖြင့် ခရီးဆက်ကာ အကောက်တောင်သို့
သွားရခြင်း ဖြစ်ပါသည်။ ထုံးဘိုမြို့သည် ပြည်မြို့နယ်စု ပန်းတောင်းမြို့နယ် အတွင်း ပါဝင်သော
မြို့တစ်မြို့ ဖြစ်ပြီး အမျိုးသား ခေါင်းဆောင်ကြီး သခင်မြ၏ ဇာတိမြို့ ဖြစ်ကြောင်း သိရပါသည်။
မြစ်မင်းဧရာဝတီသည် မြောက်မှတောင်သို့ စီးဆင်းလာစဉ် ထုံးဘိုမြို့အနီး၌ မြစ်ကျဉ်း
အနေအထား တွေ့ရသော်လည်း တောင်ဘက် အခြမ်း၌ ပိုမိုကျယ်ပြန်စွာ စီးဆင်းနေသည်ကို
 တွေ့ရပါသည်။ ထုံးဘိုမှ စက်လှေဖြင့် ထွက်ခွာလာသည့် ဘုရားဖူးများသည် စိမ်းညို့
မတ်စောက်သော တောင်နံရံပေါ်တွင် တွင်းထုထားသော ရုပ်ပွားတော်အမျိုးမျိုးကို
လှမ်းမျှော်ကြည့်ရင်း ဓာတ်ပုံများ ရိုက်ကူး မှတ်တမ်း တင်နေကြပါသည်။
ဤမျှ များပြားသော ဗုဒ္ဓရုပ်ပွားတော်များကို ဤမျှ မြင့်မားသော တောင်နံရံတွင် ဤမျှ
ခက်ခက်ခဲခဲ ထုဆစ်ပူဇော်ထားသော နေရာမှာ အကောက်တောင် တစ်ခုတည်းသာ
ရှိသဖြင့် နိုင်ငံခြားသားများနှင့် ဗုဒ္ဓဘာသာဝင်များ အစုအဖွဲ့ဖြင့် လာရောက်ကာ ဘုရားဖူး
 ကြခြင်း ဖြစ်ပါသည်။ ရခိုင်ရိုးမနှင့် ထိစပ်နေသော တောင်သုံးတောင်၏ နံရံတွင် ထွင်းထု
ထားသော ဗုဒ္ဓရုပ်ပွားတော်သည် ရှေးယခင် က ၁၀၀၀ ရှိသဖြင့် ဗုဒ္ဓတစ်ထောင်
အကောက်တောင်ဟု ခေါ်တွင်ခဲ့ကြောင်းလည်း သိရပါသည်။
အကောက်တောင် နံရံပေါ်တွင် ထွင်းထုပူဇော်ထားသည့် ရုပ်ပွားတော်များသည်
ထုံးသင်္ကန်းကြောင့် ဖြူဖွေးတောက်ပနေရာ စိမ်းညို့နေသော တောင်နံရံတွင်
အလွန်ပေါ်လွင်နေသည်။ တသွင်သွင် စီးဆင်းနေသော ဧရာဝတီမြစ်ပြင်၊ မြင့်မားသော
ရခိုင် ရိုးမ တောင်တန်းတောင်စွယ်နှင့် ဗုဒ္ဓရုပ်ပွားတော်များ ပေါင်းစပ်သောအခါ
အကောက်တောင်ြ ဖစ်လာသော်လည်း ဗုဒ္ဓရုပ်ပွားတော် များ မရှိလျှင် ဧရာဝတီမြစ်
ရှုခင်းတစ်ခုသာ ဖြစ်နေပါလိမ့်မည်။
အကောက်တောင်ကို စိတ်ဝင်စားသဖြင့် အကောက်တောင် ရုပ်ပွားတော်များကို
စိတ်ဝင်စားသဖြင့် အကောက်တောင်၏ သမိုင်းနောက်ခံကို လေ့လာသောအခါ
ကုန်းဘောင်ခေတ်နှောင်းအပိုင်း မင်းတုန်းမင်းလက်ထက် သမိုင်ပုံရိပ်ကို ခြေရာခံမိပါသည်။
မင်းတုန်းမင်းလက်ထက်တွင် မြို့တော်ဝန် ဦးကောက်ရကို အခွန်ကောက်ရန်
တာဝန်ပေးစေလွှတ်သဖြင့် ဤနေရာတွင် အကောက်ရုံး ဖွင့်သောကြောင့်
အကောက်တောင်ဟု အမည်တွင်လာကြောင်း သမိုင်းအမှတ်အသားများရှိခဲ့ပါသည်။
ထိုနေရာတွင် အကောက်ရုံး ဖွင့်စဉ်က ရုပ်ပွားတော်များမရှိသေးဟုလည်း ပြောနိုင်ပါသည်။
ဧရာဝတီမြစ်အတွင်း အစုန်အဆန်ကူး သန်းသွားလာနေသော လှေဖောင် များသည်
အခွန်ပေး ဆောင်ရန်အတွက် အကောက်ဆိပ် တွင် ခရီးတစ်ထောက် နားရင်း ပန်းပု
ဝါသနာသူများက ကျောက်တောင်နံရံတွင် ဗုဒ္ဓရုပ်ပွားတော်များ စတင်ထွင်းထု
ပူဇော်ခဲ့သည်ဟု မှတ် သားရပါသည်။
အစပိုင်းတွင် ပန်းပုဝါသနာရှင် ကျောက်ဆစ်ပညာ ရှင် တစ်ဦးနှစ်ဦးက ရုပ်ပွားတော်များ
စတင်ထွင်းထုသော် လည်း နောက်ပိုင်း တွင် ဒေသပေါင်းစုံမှ ပညာရှင်ပေါင်းစုံ
 ရောက်လာသဖြင့် ရုပ်ပွားတော်များ တဖြည်းဖြည်းများပြား လာခြင်းဖြစ်နိုင်ပါသည်။
 မြင့်မား မတ်စောက်သော တောင်နံရံတွင်  ရုပ်ပွားတော်အမျိုးမျိုး ထုဆစ်ထားသည်မှာ
အလွန်အံသြဖွယ်ကောင်းပြီး ရှေးမြန်မာကြီးများ ၏ ကျောက်ဆစ် ပညာနှင့် ဘာသာရေး
စိတ်ဓာတ်ကို မလေးစားဘဲမနေနိုင် အောင်ဖြစ်မိပါသည်။ တောင်နံရံတွင် ပျားအုံသဖွယ်
ဂူ ပေါက်လေးများ ပြုလုပ်ပြီး ရုပ်ပွားတော်များထုဆစ်ခြင်းမှာ အလွန်ခက်ခဲပြီး ဝါးငြိမ်းများ
ဆင်၍ သက်စွန့်ကြိုးပမ်း ဆောင် ရွက်နေခြင်းဖြစ် ပါသည်။
အကောက်တောင်တွင် ရုပ်ပွားတော်များ အပြည့်အစုံရှိစဉ်က ရုပ်ပွားတော် စုစုပေါင်း
တစ်ထောင်ခန့်ရှိခဲ့ပြီး ဗုဒ္ဓတစ်ထောင် အကောက်တောင်ဟု အမည်တွင်ခဲ့သော်လည်း
တဖြည်းဖြည်းပြိုကျ ပျက်စီးသဖြင့် လျော့နည်းလာကာ ယခုအခါ ရုပ်ပွားတော် ၆ဝဝ ကျော်
ပျက်စီးပြီး ရုပ်ပွား တော်၃ဝဝ ကျော်သာကျန်တော့ကြောင်းလည်း စိတ်မ ကောင်းဖွယ်
သိရပါသည်။ အကောက်တောင်ပေါ် တွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေသော
ဆရာတော် ဦးပညာဒီပက ''ဒီနေရာတွေက ဟိုးရှေးကတည်းက ရှိခဲ့တဲ့
ရုပ်ပွားတော်တွေဖြစ်တယ်။ စနစ်တကျ မထိန်းသိမ်းရင် ပျက်စီးသွားမှာသေချာတယ်။
ဘုန်းကြီးတို့အနေနဲ့ ထိန်းသိမ်းပေ မယ့် ရှေးဟောင်းလက်ရာတွေ ဖြစ်တဲ့အတွက်
လုပ်ခွင့်မရှိဘူး။ ထုံးတောင် လွတ်လွတ်လပ်လပ် သုတ်လို့မရဘူး၊ ဒေသခံတွေ
ထိန်းသိမ်းခွင့် မရှိရင် ရှေးဟောင်းကပဲ ထိန်းသိမ်းသင့်တယ်၊ ထိန်းသိမ်းဖို့
လိုအပ်နေတာကြာပါပြီ၊ ရှေး ဟောင်းဘုရား ရုပ်ပွားတော်တွေ ပျက်စီးသွားတာ
 ကြည့်မ နေဘဲ ထိန်းသိမ်းသင့်တယ်''ဟု မိန့်ကြားပါသည်။
ထုံးဘိုမြို့မှ ဗုဒ္ဓဘာသာဝင်များသည် အခါကြီးရက် ကြီး ဝါဆိုလပြည့်၊ သီတင်းကျွတ်
လပြည့်စသောနေ့များတွင် အကောက်တောင်သို့ စက်လှေများဖြင့်သွားကာ ဆန်
တစ် တင်းကို ဆွမ်းချက်၍ ဘုရားတစ်ဆူလျှင် တစ်ဇွန်း ဆက် ကပ်လှူဒါန်းသော်လည်း
ဆွမ်းမကပ် ရသေးသော ရုပ်ပွား တော်များကျန်နေတတ်ကြောင်း၊ ရုပ်ပွားတော်
အလွန်များ ပြားကြောင်း ဒေသခံများပြောသဖြင့် သိရပါသည်။ သို့ သော်လည်း
၂ဝဝ၇ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများလာရောက်
 လေ့လာသောအခါ နံရံကပ် ရုပ်ပွားတော်အဆူ ၁ဝဝဝ မပြည့်တော့ဘဲ ၃၇ဝ သာ
ကျန်တော့ ကြောင်းသိရပါသည်။ ကုန်းဘောင် ခေတ်တွင် ထုလုပ် ခဲ့သော ရှေးဟောင်း
ဗုဒ္ဓရုပ်ပွားတော်များ ဤကာလအတွင်း ၆ဝဝ ကျော်ပျက် စီးသွားခြင်းသည် ဘာသာရေး
အရ ဆုံးရှုံးခြင်းဖြစ် သလို ရှေးဟောင်း သုတေ သန ကဏ္ဍအတွက်လည်း
ဆုံးရှုံးမှုဖြစ်ကြောင်း ထင်ရှားပါ သည်။ အစားထိုးမရသော ဆုံးရှုံးမှုဖြစ်ပါသည်။
ဘုရားဖူးအဖွဲ့တွင်ပါလာသော အသက် ၇ဝ ကျော်လူကြီးလူကောင်းတစ်ယောက်က
''ဒီ တောင်တွေဟာ ထုံးကျောက်တောင်တွေ ဖြစ် တဲ့အတွက် ရုပ်ပွား တော်တွေ
ထုဆစ်ရတာလွယ်ပေမယ့် နှစ်တွေကြာမြင့်တဲ့အခါ အ လွယ်တကူ ပျက်စီးနိုင်ပါတယ်။
အရင်တုန်းက နံရံပေါ်က ဂူပေါက်တွေမှာ ရုပ်ပွားတော်တွေ အပြည့်ရှိ ခဲ့ပေမယ့်
တဖြည်းဖြည်း ဂူပေါက် အလွတ်တွေများလာတယ်။ ဗုဒ္ဓ တစ်ထောင်
အကောက်တောင်ဟာ စာထဲမှာပဲ ရှိနိုင်ပါတော့တယ်''ဟု ပြောခဲ့ပါသည်။
အကောက်တောင်ရှိ ထုံး ကျောက်လွှာများသည် ကျောက်ကုတ်ကျောက်လွှာဆင့်များဖြစ်ပြီး
ဘူမိသက်တမ်းတစ်ခုတွင် ပင် လယ်ရေ တိမ်ပိုင်းအဖြစ် အနည်ကျ ပြီး နောက်
ဧရာဝတီကျောက်လွှာ စုမှ ပြတ်ကျန်ရစ်ခဲ့ခြင်းဖြစ်သည် ဟု ဘူမိဗေဒပညာရှင်မော်ရေး
 စတူးဝပ် က ပြောခဲ့ကြောင်း သိရပါသည်။ သဲကျောက်များ၊ ရှေးလ် ကျောက်များ၊
ထုံးကျောက်များ ရောစပ်ပါဝင်သဖြင့် ပန်းပုဆရာများ အလွယ် တကူ ထုဆစ်နိုင်ခဲ့သည်
ဟုလည်း မှတ်ချက်ပေးထားပါသည်။ မုံရွာမြို့တစ်ဖက်ကမ်း ယင်းမာပင်မြို့နယ်ရှိ
ဖိုဝင်တောင် နှင့် ရွှေ ဘတောင် များတွင်လည်း ကျောက်ထွင်းလက်ရာများရှိသော် လည်း
 အကာအရံမရှိသဖြင့် လေ ဒဏ်မိုးဒဏ် သဘာဝဘေးရန်ကို တိုက်ရိုက်ခံစားရသော
အကောက် တောင်ဘုရား ရုပ်ပွားတော်များက ပျက်စီးမှု ပိုမိုမြန်ဆန်ခြင်းဖြစ်နိုင် သည်ဟု
ယူဆကြပါသည်။
ကုန်းဘောင်ခေတ်တွင် စတင်ထုလုပ်ခဲ့သည်ဟု ဘူမိဗေဒ ပညာရှင်များ ခန့်မှန်းထားသော
အကောက်တောင် ရုပ်ပွားတော် ကြီးများသည် အမိုးအကာများရှိ လျှင် ဤမျှလျင်မြန်စွာ
ပျက်စီး လိမ့်မည် မဟုတ်ပါ။ ဧရာဝတီမြစ် ကမ်းပါးရှိ ကျောက်တောင်နံရံပေါ် တွင်
ထွင်းထုထားသော ရုပ်ပွား တော်များသည် မူလကပင် လေဟာပြင်တွင် ထုလုပ်
ထားခြင်းဖြစ် သဖြင့် အမိုးအကာများ တင်ဆင်၍ လည်း မဖြစ်နိုင်ပါ။ ယခုအခါ
အ ကောက်တောင်တွင် ဗုဒ္ဓရုပ်ပွား တော် ၃၇ဝ ကျန်ရှိသည်အနက် အများစုမှာ
ထိုင်တော်မူ ရုပ်ပွား တော်များဖြစ်ကြောင်းလည်း သိရ ပါသည်။
အကောင်းပကတိကျန်ရှိ နေသော ရုပ်ပွားတော်များတွင် ဆေးများပြယ်လွင့်နေသဖြင့်
အချိန်မီပြုပြင်မွမ်းမံရန် လိုအပ်နေ ကြောင်း ထင်ရှားပါသည်။ ဧရာဝ တီမြစ်ပြင်ကို
မျက်နှာမူထားသော အကောက်တောင်ရုပ်ပွားတော်များ သည် နေဒဏ်၊ လေဒဏ်၊
 ရေဒဏ် ကို နှစ်ပေါင်းများစွာ အတားအဆီး မရှိ၊ အကာအကွယ်မရှိခံနေရသ ဖြင့်
ဤမျှလျင်မြန်စွာ ပျက်စီးခြင်း ဖြစ်နိုင်သော်လည်း တာဝန်ရှိသူ များက တာဝန်ကျေပွန်စွာ
 ဆောင် ရွက်လျှင် အပျက်အစီးသက်သာ ပါမည်။
အကောက်တောင်ဘုရားများကို မင်းဧကရာဇ်အမိန့်ဖြင့် ထွင်းထုပူဇော်ခြင်းမဟုတ်ဘဲ
အ ခြေခံလူတန်းစားများကိုယ်တိုင် ဧရာဝတီမြစ် ကို စုန်ရင်းဆန်ရင်း အချိန်လု၍
ထွင်းထုခဲ့ခြင်းဖြစ်သ ဖြင့် အခြားဘုရားများကဲ့သို့ ကုသိုလ်ရှင်ဘုရင် ဧကရာဇ်အမည်
 ရေးထိုး ထားသော ကျောက်စာတိုင် မရှိပါ။ အခြေခံလူတန်းစား ပြည် သူများကိုယ်တိုင်
သဒ္ဓါထက်သန် စွာ ထွင်းထုပူဇော်ခြင်းဖြစ်သဖြင့် အကောက်တောင်ဘုရားများ၏
ဒါယကာသည် အောက်ခြေလူ တန်းစား ပြည်သူများသာဖြစ် ကြောင်း မှတ်တမ်းတင်
ထားသင့်ပါ သည်။ အကောက်တောင် ဘုရားများကို ဖူးပြီးနောက် တောင်ပေါ်သို့
တက်သွားလျှင် သီရိဘင်္ဂလွန်မြို့ နှင့် သီရိဘင်္ဂလွန်ဘုရင် အ ကြောင်း လေ့လာ
သိရှိနိုင်သော် လည်း ပြည်သူများကိုယ်တိုင် တည်ခဲ့သည့် အကောက်တောင် ဘုရားများ
 ရေရှည်တည်တံ့ရေးကို သာ စိတ်ဝင်စားသော ဘုရားဖူး ပြည်သူအချို့သည် တောင်ပေါ်
မ တက်ဘဲ လက်ကျန် ဘုရားများကို သာ အချိန်ယူ၍ စေ့စေ့ စပ်စပ် လေ့လာ
ဆန်းစစ်နေကြပါသည်။
 မြန်မာပြည်တစ်ဝန်းရှိ ဘုရားပုထိုးစေတီများကို အချိန်ရတိုင်း ဘုရားဖူးသွားနေသော
ရန်ကုန်မြို့မှ သက်ကြီးဝါပြီး ဘုရားဖူး တစ်ယောက်က
''ကျွန်တော်မြန်မာပြည်အနှံ့ ဘုရားတွေဖူးပြီးပါပြီ၊ အကောက်တောင်ဘုရား မြင်ကွင်းမျိုးဟာ
ဒီတစ်နေရာတည်းရှိတဲ့ အတွက် ရေရှည်တည့်တံ့ခိုင်မြဲစေချင်ပါတယ်။
ဧရာဝတီမြစ်ကမ်းပါးမှာ ပူဇော်ထားတဲ့ ရုပ်ပွားတော်တွေ ဧရာဝတီမြစ်ထဲ ပြိုကျသွားရင်
အကောက်တောင် ပျောက်သွားနိုင်ပါတယ်။ အခုတောင် အကောက် တောင်မှာ
ရုပ်ပွားတော်မရှိတဲ့ ဂူ ပေါက်လွတ်တွေများနေပြီ။ မကြာမီ ထပ်များလာမှာ သေချာပါတယ်။
 ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ အမြန်ဆုံးစတင်ဖို့ လိုနေ ပါပြီ''ဟု
 တွေးတွေးဆဆပြောခဲ့ ပါသည်။
ကုန်းဘောင်ခေတ် ရှေးမြန်မာပန်းပုပညာရှင်များ ခက်ခက်ခဲခဲ ထွင်းထုပူဇော်ခဲ့သည့်
အ ကောက်တောင်ရုပ်ပွားတော်များကို သိပံ္ပ ပညာ ထွန်းကားသော
မျက် မှောက်ခေတ်တွင် မထိန်းသိမ်းမပြု ပြင်နိုင်လျှင် မျိုးဆက်သစ်များ တာဝန်
မကျေရာရောက်ပါလိမ့် မည်။ အကောက်တောင်တွင် ရုပ် ပွားတော်မရှိသော ဂူပေါက်
အ လွတ်များလာလျှင် အကောက် တောင် ရုပ်ပွားတော်များဟု မခေါ်  နိုင်ဘဲ
အကောက်တောင် ဂူပေါက် အလွတ်များဟု ပြောင်းလဲခေါ်ဝေါ် ရပါလိမ့်မည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအားလုံး ထိုသို့ခေါ် ချင်မည် မဟုတ်ပါ။
ဘသန်းတင်
ဇရပ်ကြီး Media - တောင်ငူခရိုင်သတင်း
Sunday, January 10, 2016
အာရှတိုက်ရဲ့ တစ်နေရာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာ
လေးထပ်တိုက်တစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့တစ်နေရာလို့ဆိုပါစို့
အဲဒီရွာရဲ့ အဋ္ဌမမြောက်အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ်လေးယောက်
နှစ်ယောက်က ညီအစ်ကို
ဘင်္ဂလားဒေရှ်လူရွယ်တစ်ယောက်
ပြီးတော့ ငါတို့နှစ်ယောက်
ဓာရဏပရိတ်၊ ကိုအန်ကျမ်း၊ ရောခ်သီချင်း
ဂျင်းဘောင်းဘီ၊ ၀ါယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက်နှစ်ကောင်
တစ်အိုးတစ်အိမ်ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ
အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမ၀တဲ့မျက်လုံးထဲမှာ
နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံ
ခေါင်မိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ်
နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့်
“ငွေမရှိတာလည်း
အသက်အန္တရာယ်နဲ့ နီးတာပဲ”လို့
ဘင်္ဂလားဒေရှ်လူရွယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင်
အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာနိစ္စဓူဝကိစ္စ
ညကျ ..
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေးညှင်းနံ့သင်းတဲ့ စီးကရက်ကို ဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့နောက်ကို
ပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်ကအပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး
ရေဒီယိုကို နားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့
ပေါင်တံဖြူဖြူတရုတ်မလေးတွေကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ..
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား..
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လိုခြယ်သ
ဂျပန်၊ ဥရောပနဲ့အမေရိကကို မျက်စပစ်နေလေရဲ့  ..။
ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာ ကုမ္မဏီတစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ်..။
အာရှတိုက်ရဲ့တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ဘ၀ဟာ ဘာမှ မသေချာလှ
အဲဒီလို မသေချာမှုတွေထဲကပဲ
သေချာတဲ့ဘ၀ကို တည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ မဟုတ်လား..
ဝဋ်ကြွေးလည်း ဖြစ်နိုင်ရဲ့ 
ခုမှ ငါ့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲ ရှိပါသေးတယ်။
တစ်ခါတစ်လေ နံရံပေါ်က
ကမ္ဘာ့မြေပုံကို ကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ..
ပီဇာနဲ့ ဟမ်ဘာဂါတွေကို မဟုတ်ဘူး
ဟာဒ်ရောခ်ကဖေးကို မဟုတ်ဘူး
“နိုင်ငံကူးလက်မှတ်” လို့ အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကို မဟုတ်ဘူး
မီရှယ်ယိုဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး
ငါလွမ်းနေခဲ့တာ ..
ကံခေပေမယ့်
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ကမ်းခြေက
ငါ့ရဲ့ ခြေတံရှည်အိမ်လေးကိုပါ
“အမျိုးသားက နိုင်ငံခြားမှာလေ”  ဆိုပြီး
ရပ်ကွက်ထဲမှာ တစ်ချို့ဇနီးမယားတွေ
ပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မိအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ
အကြွေးကင်းကင်း ရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကို ခွဲခွါခဲ့
သူငယ်ချင်းများနဲ့တိုင်းပြည်ကို ခွဲခွါခဲ့
အဲဒီအတွက်ရမယ့် ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကို ရေတွက်ရင်း
“လေယာဉ်ပျံတွေမြင်ရင်
အိမ်ပြန်ချင်တယ်”လို့ ညည်းမိ
ဒါပေမယ့် သုဝဏ္ဏသျှံမဟုတ်တော့ ..။
ခုတော့
အာရှကျားတွေရဲ့ပါးစပ်ထဲက
အမဲသားတစ်ဖက်
သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တစ်နေရာက
မြုံနေတဲ့အနာတွေပါ
ရင်းနေတဲ့အနာတွေပါ...။
ကြည်မောင်သန်း
ဇရပ်ကြီး Media - တောင်ငူခရိုင်သတင်း
Saturday, January 9, 2016
ဇရပ်ကြီး အထကမိသားစု လူမှုပရဟိတ
ဇရပ်ကြီး အထက မြတ်ဆရာ ပူဇော်ပွဲအတွက် 
ဒေသခံ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ၏ 
ဒေသအတွင်း ပူဇော်ကန်တော့ငွေ ကောက်ခံခြင်း စုပေါင်း
ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ
9.1.16 စနေနေ့ 
ဇရပ်ကြီးအထကမှ ဆရာ/ဆရာမ 
များနှင့် ကျောင်းသူ/ကျောင်းသားဟောင်း အချို့မှနေ၍
မြတ်ဆရာပူဇော်ပွဲအတွက် ရွှေတန်ဆောင်းကျေးရွာနှင့် 
ကြို့ပင်သာကျေးရွာများရှိ ကျောင်းသားဟောင်းများနှင့် 
ဒေသခံ ရွာသူရွာသားများထံသို့ အလှူခံငွေ စုပေါင်း
ကောက်ခံခဲ့ကြရာ ဒေသခံများမှလည်း တတ်အားသ၍ 
ကူညီထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။
facebook page တွင် ဖတ်ရန်
ဇရပ်ကြီး Media - တောင်ငူခရိုင်သတင်း
Saturday, January 2, 2016
ပညာရေးစုံညီပွဲတော် ( အထက ဇရပ်ကြီး )
ပဲခူးတိုင်းဒေသကြီး
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်
ဇရပ်ကြီး အထက ကျောင်းသူကျောင်းသားများ၊
ဆရာ၊ ဆရာမများနှင့် ဒေသခံများ၏
ပညာရေးစုံညီပွဲတော်မြင်ကွင်းဓာတ်ပုံမှတ်တမ်းများ
3.2.2016
facebook page သတင်းများကြည့်ရန်
အောက်မှ Link ကိုဝင်ရောက်ပါ
ဇရပ်ကြီးအထက အားကစားပြိုင်ပွဲ
2.1.2016 ရက်နေ့
ဇရပ်ကြီး အထက၊ ကျောင်းသူကျောင်းသားများ
စုံညီအားကစားပြိုင်ပွဲကျင်းပစဉ် မြင်ကွင်းများ
ဓာတ်ပုံ - ဇရပ်ကြီး Media
facebook page သတင်းများကြည့်ရန်
အောက်မှ Link ကိုဝင်ရောက်ပါ