Friday, October 28, 2016

လေဖြတ်ရောဂါအကြောင်း သိကောင်းစရာများ


             

     ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့သည် ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ ( World Stroke Day ) ဖြစ်ပါသည်။ ကျန်းမာခြင်းသည် လူတိုင်းအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည်နှင့် အညီ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်၊ သန်စွမ်း၍ အသက်ရှည်ရှည်နေနိုင်ခြင်းသည် အနှိုင်းမဲ့ဆုလာဘ်တစ်ပါး ဖြစ်ပါသည်။ ကျန်းမာခြင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်သန်စွမ်းခြင်းတို့၏ တန်ဖိုးကို မကျန်းမာသောအခါ၊ မသန်မစွမ်းဖြစ်ကြသောအခါတွင်မှ ပို၍ သိနားလည်လာတတ်ကြသည်။
          လေဖြတ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် သေဆုံးခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သကဲ့သို့ နာတာရှည် မသန်မစွမ်းဖြစ်ကျန်ရစ်စေသော အကြောင်းအရင်းတွင်လည်း အဓိက အချက်တစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့ကြီး ( World  Stroke Organization ) ၏ အဆိုအရ ကမ္ဘာပေါ်တွင် လူခြောက်ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်တွင် လေဖြတ်ရောဂါ ဖြစ်နိုင်ပါသည်။

Friday, October 21, 2016

ကထိန် အကြောင်းသိကောင်းစရာ


အနာမန္တစာရ စသည်ငါးပါးသောသိက္ခာပုဒ်တို့ ကိုသံဃာအတွင်း၌ပြုခြင်းငှါစွမ်းနိုင်၍ မြဲမြံ ခိုင်ခံ့ တည်တံ့
သောအနက်။ မှီငြမ်းမရှိ၊ မိမိချည်းသာ၊ လိုရာအလျောက်၊ ပေါက်ရောက်စည်ကား၊ ကြီးပွားလေပြီ၊ 
သစ်ပင်ကြီးတမျှ၊ ခိုင်ခံ့ လှသောအနက်။ ဘုရားကအစ၊ အရိယာအပေါင်း၊ အရှင်ကောင်းတို့ သည်၊
 ကောင်း၏ ကောင်း၏ဟု ချီးမွမ်းအပ်သောကြောင့် ကထိန်မည်ပါသည်။
သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသီတင်းသုံးတော်မူသောကာလ၀ယ် ပညတ်တော်

မူပါသည်။ ပါဝေယျကရဋ္ဌ၀ါသီ ဘဒ္ဒ၀ဂ်သခင်ညီနောင်သုံးကျိပ်တို့ ကို အကြောင်းပြု၍ ခွင့်ပြုခဲ့ပါသည်။ ဘဒ္ဒ၀ဂ်သခင် အရှင်တစုတို့ သည် သဗ္ဗညုဘုရားရှင်ကိုခူးမြင်ခြင်းငှါ ပါဝါမြို့ မှသာဝတ္တိ သို့ အလာတွင် 
ဝါလနီးသောကြောင့် သာဝတ္ထိပြည်ကြီးသို့ မရောက်နိုင်ကြ၍ သာကေတမြို့ တွင် ၀ါဆိုပြီး ၀ါကျွတ်
သော်ဇေတ၀န်ကျောင်းအသွား မိုးမိ၍ ရွှံ့ နှစ်ညွန်စေးညစ်ကြေးစွဲကပ်သောသင်္ကန်းဖြင့် ပင်ပန်းသော
သဘောရှိသော ထိုရဟန်းတို့ ကိုမြင်လျှင် အလွန်ပင်သနားတော်မူလှ၍ နောင်လာ သံဃာတော် 
တို့ အားလည်း အကျိုးစီးပွါးများစေခြင်းငှါ ကထိန်ကို ခွင့်ပြုတော်မူခဲ့သည်။
သီိတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မှစ၍ တန်ဆောင်မုန်းလပြည့်နေ့ အထိ တစ်လအတွင်း 

ခင်းအပ်သောကာလဖြစ်ပါသည်။ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်မှသာ ကထိန်ခင်းခြင်းငှါ 
ထိုက်ပါသည်။ သံဃာသည် ကထိန်၏မူလမည်ပါသည်။


ကိုးထည်သောသင်္ကန်းတို့ တွင် ဒုကုဋ်.ကိုယ်ဝတ်.သင်းပိုင်အားဖြင့် သုံးထည်သောသင်္ကန်းသာ 

ကထိန်၏၀တ္ထုမည်ပါသည်။ (၀တ္ထု = အကြောင်း၊ တည်ရာမှီရာ၊ ဥစ္စာပစ္စည်း) ခေါမမည်သော လျှော် 
တမည် ၀ါချည်တမျိုးပိုးချည်တရပ် သက္ကလတ် တတန် ပိုက်ဆံလျှော်တချက် ငါးပါးစုံရောယှက်၍ 
ရက် အပ်သော ပုဆိုးဟူ၍ ဇာတိဗေဒအားဖြင့် ခြောက်ထည်အပြားရှိပါသည်။ လျှော်ဖွပ်စီရင်
 ဖြတ်ယှဉ် ချုပ် ဆိုး ဗိန္ဒုထိုးဖြင်းဟုဆိုအပ်သောပုဗ္ဗကရဏ ခုနှစ်ပါးသည် အစ၊ ပစ္စုဒ္ဓိုရ်ပြုခြင်း
အဓိဋ္ဌာန်တင်ခြင်းသည် အလယ်၊ ၀စီဘေဒမုခလှစ်ဖွင့် နှုတ်ဆိုမြွက်၍ခင်းခြင်းသည် ကထိန်၏
အဆုံးဖြစ်ပါသည်။
ဤသိမ်ဥပစာရအတွင်း၌ တည်သောရဟန်း၊ အနုမောဒနာပြုသောရဟန်း၊ သူတပါးကိုကြားသိ
 စေသောရဟန်း၊ ဤရဟန်းသုံးယောက်တို့ သည် ကထိန်ခင်းခြင်းကြောင့်ဖြစ်သော အကျိုးဂုဏ်အင် 
အာနိသင် တို့ ကိုရထိုက်ပါသည်။ ငါးပါးအရေအတွက်ရှိသောရဟန်း၊ ထို့ ထက်သင်္ချာအရာအထောင်
 ဖြစ်သောရဟန်းတို့ သည် ကထိန်ခင်းခြင်းငှါထိုက်ပါသည်။ ပုရိမ၀ါသို့ မပြတ်၊ ကပ်သောဝါရှိသဖြင့်၊
 ပဌမပ၀ါရဏာနေ့ ၌၊ ချမ်းမြေ့ သာယာ၊ ပ၀ါရဏာပြုကြသော ရဟန်းတို့ သည်ကထိန် ခင်းထိုက် 
ပါသည်။ (၀ါမကျိုးသောရဟန်းကိုဆိုလိုသည်) သဒ္ဓါကြည်ဖြုလှူအပ်သော သင်္ကန်းပင်ဖြစ်စေ၊ ဗြဟ္မာအများ ညွတ်တွားကော်ရော် ပူဇော်အပ်သော သက်န်းပင်ဖြစ်စေ၊ သီတင်းသုံးဖော်ငါးယောက် တို့ တွင် တစ်ယောက်ယောက်သောသူ လှူအပ်သောသင်္ကန်းပင်ဖြစ်စေ၊ အမှတ်မရှိသောသူ လှူအပ်သောသင်္ကန်း
ပင်ဖြင့်ပင် ဖြစ်စေခင်းအပ်ပါသည်။

 

ကထိန်အလှူရှင်များ ရရှိသောအကျိုးငါးပါး

၁။ အဆီးအတားမရှိ မိမိလိုရာသို့ လွယ်ကူစွာသွားနိုင်ခြင်း၊ မင်းဒဏ်စိုးဒဏ်မှ လွတ်ကင်းချမ်းသာရခြင်း၊
၂။ ၀န်ထုတ်မပါ ပေါ့ပါးစွာ သွားတဲ့နေရာချမ်းသာမှုနဲ့ တွေ့ ရခြင်း၊
၃။ ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ မှန်စွာမယွင်း ပေါများခြင်း၊
၎။ အဘိုးတန် ဆန်းကြယ်ခေတ်ပေါ်သော အ၀တ်အစားကောင်းများ ၀တ်ဆင်ရခြင်း၊
၅။ မိမိပိုင်ငြား ပစ္စည်းများကို ရန်သူမျိုးငါးပါးတို့ မှ မဖျက်ဆီးနိုင်ခြင်း။

Photo: Khun Too / Myint Myat Thu