Friday, December 25, 2015

လှည်းလမ်းကူးရွာ ဘုန်းကြီးပျံနိဗ္ဗာန်ကျောင်းချပွဲ ( တောင်ငူခရိုင် )


( ၂၆ - ၁၂ - ၂၀၁၅ )

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊
ထန်းတပင်မြို့နယ်၊
လှည်းလမ်းကူးရွာ ဘုန်းကြီးပျံ နိဗ္ဗာန်ကျောင်းချပွဲ

Photo - Flower Phyu Phyu






facebook page သတင်းများကြည့်ရန်
အောက်မှ Link ကိုဝင်ရောက်ပါ

ရှမ်းနှစ်သစ်ကူး ပွဲတော် ( ကင်မွန်းချုံ ) ၊ တောင်ငူခရိုင်


( 26.12.15 )
ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု
ရှမ်းနှစ်သစ်ကူး ပွဲတော် 
ပဲခူးတိုင်းဒေသကြီး၊ 
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်
ကင်မွန်းချုံကျေးရွာတွင် ကျင်းပမှုမြင်ကွင်းများ
ဓာတ်ပုံ - အရှင်အာလောက








facebook page သတင်းများကြည့်ရန်
အောက်မှ Link ကိုဝင်ရောက်ပါ

Sunday, December 13, 2015

ကင်မွန်းချုံ ဓမ္မစကူးလ်သင်တန်းမှ ကလေးငယ်များ



ပဲခူးတိုင်းဒေသကြီး၊ ကင်မွန်းချုံကျေးရွာ
အသောကာရုံရွှေကျင်ကျောင်းတိုက်၌
ဖွင့်လှစ်သင်ကြားပေးသော
ဓမ္မစကူးလ် သင်တန်းမှကလေးငယ်များ

Photo: အရှင်အာလောက ( ကင်မွန်းချုံ )








ဓမ္မစကူးလ်သင်ခန်းစာများကို
သင်ယူကြကုန်သောကျောင်းသားကျောင်းသူများကို
မုန့်ဟင်းခါးအာဟာရများ ကျွေးမွေးခဲ့ကြပါသည်။







စုပေါင်းအမှိုက်ကောက်ပွဲ ( နတ်ရွာစံပြကျေးရွာ )

( 13.12.2015 ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊
နတ်ရွာစံပြကျေးရွာနေ ပြည်သူများ၏ ရပ်ရွာတွင်း
အမှိုက်ကောက်ရှင်းလင်းကြစဉ် မြင်ကွင်းများ

Photo News: ထဝ် လျး








NLD အောင်နိုင်ရေးအဖွဲ့ ( ထန်းတပင်မြို့ ) မှ စုပေါင်းအမှိုက်ကောက်


( 12.12.2015 ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊
ထန်းတပင်မြို့ NLD အောင်နိုင်ရေးအဖွဲ့မှ ဆေးရုံ၊ 
ဘုန်းကြီးကျောင်း၊စာသင်ကျောင်းများ၊ လမ်းများမှ 
အမှိုက်များကိုကောက်ပြီး ရှင်းလင်းကြစဉ်မြင်ကွင်းများ

Photo News: Zaw Min Soe












ဇရပ်ကြီး Media - တောင်ငူခရိုင်သတင်း

Saturday, December 12, 2015

ပြတ်ပြီ ( အကြည်တော် )



"ရှင်နဲ့ ကျွန်မပြတ်ပြီ ဒါပဲ"
"ဘာပြောတယ်"
ရုတ်တရက် သူမပြောတဲ့ စကားကြောင့် လန့်အော်မိတယ်။
ဘယ့်နှယ်အကြောင်းရှာ…
"ဟုတ်တယ်…ရှင်နဲ့ ကျွန်မ တကယ်ပြတ်ပြီ"
ကိုယ့်ဖာသာ ကိုယ်အိမ်မှာ ငုတ်တုတ်ထိုင် နေတာ၊
အိမ်ပေါ်ထိ လာတက်ပြော၏။ အံ့ကြောကိုဆွဲရော။
"နေစမ်းပါဦး၊ နင်နဲ့ငါ ဘာပြသ၁နာရှိလို့ လဲ"
သူမ မျက်နှာစူပုတ်ပုတ်နဲ့ တဖက်လှည့် သွားတယ်။
ပြီးမှ ဆောင့်ကြီး အောင့်ကြီး
"မရှိဘူး"
"အေးလေ ဘာ ပြသ၁နာမှ မရှိပဲ ဘာလို့ ပြတ်ရတာလဲ"
သူမ မျက်နှာကို အုပ်ပြီး။
"မသိဘူး။မပြောချင်ဘူး မပြောချင်ဘူး။ ပြတ်ပြီ ဒါပဲသိတယ်။
ပြတ်ပြီ"
"ဟင်"
အဲဒါပဲကြည့်။ မိန်းကလေးတွေက တခါတလေ အဲဒီလိုပဲ။
သူမက ပိုဆိုးသေးတယ်။ ဘယ်လောက်ထိလဲဆို
တခါကလဲ ဖုန်းဆက် တယ်။
"ဟယ်လို"
"အင်း…ပြော"
ခနတော့ အသံတိတ်သွားတယ်။ ပြီးမှ
"ဘာမှ မဟုတ်ဘူး။ ဒီအတိုင်းဆက် လိုက်တာ။"
"အော်"
ဘာပြန်ပြောရမှန်းမသိဘူး။ ဒီအတိုင်း ဆက်တာတဲ့။ ဒါနဲ့ပဲ…
"သတိရလို့လား"
"ဒီအတိုင်းဆက်တာပါဆို"
အသံက သိမ်မကြည်လင်ဘူး။
"အိမ်မှာ အမေဆူလို့လား"
"ခုနကမှ အမေက နန်းကြီးသုတ် လုပ်ကျွေးလို့စားနေတာ
သာသာယာယာပဲ"
"ဒါဆို အပြင်တွေ ဘာတွေသွား ချင်လို့လား"
"အား ဒီလောက်ရေတွေကြီးနေတာ ဘယ်သွားရမှာလဲ။
ဒီအတိုင်းဆက်တာပါ"
ဟုတ်သား။မိုးတွေကြီးပြီး လမ်းတွေ ရေလျံနေတာ
ဘယ်သွားလို့ရမလဲ။
"ဗိုက်စာလို့လား"
"အော် ခုနကပဲ အမေနန်းကြီး သုတ်သုတ်ကျွေးလို့
စားပြီးပါပြီဆို"
"ဒါဆို တစ်ခုခု လက်ဆောင်လို ချင်လို့လား"
"အား ဘာလက်ဆောင်ယူရမှာလဲ အိမ်မှာတင်
အရုပ်တွေနဲ့ပြည့်လို့ မလိုတာတွေ ပစ်နေရတာကို"
ဒါလဲမဟုတ်ပြန်ဘူး။ သူဘာလို့ ဖုန်းဆက်မှန်းကို
အဖြေရှာလို့မရဘူး။
"ဒါဆို တွေ့ချင်လို့လား"
"အော် ဒီလောက်ဆိုးတဲ့ မျက်နှာ ကြီး ဘာလို့တွေ့ချင်ရမှာလဲ။
တကတည်း"
"အဲ"
ပြောတာကစုံနေပြီ။ သူဘာလို့ ဖုန်းဆက်မှန်း
မသိဖြစ်နေမိတယ်။ ဒါနဲ့ပဲ
"ကဲ…ညည်းပြောမှပဲသိတော့မယ်။ ဘာလို့ဖုန်းဆက်တာလဲ"
"အော် ဒီအတိုင်းပဲဆက်တာပါဆို၊ ရှင်က အလိုက်ကိုမသိဘူး။
အဲဒါတွေ ရှင့်ကို မုန်း တာ။ ဒီအတိုင်းပဲဆက်လိုက်တာ။
ဒီအတိုင်းပဲ ဆက်လိုက်တာ။
ဒါပဲ နောက်လဲ လာမခေါ်နဲ့"
"ဂွပ်"
အဲဒီလိုမျိုး။ဖုန်းဆက်တာ ဒီအတိုင်းပဲ ဆက်လိုက်တာတဲ့။
ဘာအကြောင်းမှ မရှိပဲ ဒီအတိုင်းပဲဆက်လိုက်တာဆိုတော့
ဘာ ပြောရမှာလဲ။
ပြောချင်စိတ်လဲမရှိ။ လိုချင်တာ လဲမရှိပဲ ဒီအတိုင်းပဲ
ဆက် လိုက်တာ ဆိုတော့ ဘယ်လိုပြောရမှန်းမသိဘူး။
ကဲ…အခုလဲ လုပ်နေပြန်ပြီ။
"ရှင်နဲ့ ကျွန်မ ပြတ်ပြီ"
တဲ့။ဘာလို့ပြတ်မှန်းလဲ မသိ။ဒါနဲ့ပဲ
"နေပါဦး နင့်အပေါ်မှာ ငါဘာ အ ပြစ်ရှိလို့လဲ"
သူမ စူပုပ်ပုပ်နဲ့ တဖက်လှည့်ပြီး
"မရှိဘူး"
"နင်ငါ့ကို မကြေနပ်တာရော ဘာ ရှိလဲ"
သူမဝေ့ကြည့်ပြီး
"မရှိဘူး"
"ဒါဆို ဘာလို့ပြတ်ချင်လဲ။ အ ကြောင်းပြချက်တစ်ခုပေး။
အကြောင်းပြချက် တစ်ခုရှိရင် ပြတ်မယ်။ ဒါပဲ"
ဆိုတော့။ သူမ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။
"ကဲ ပြော"
သူမခေါင်ကုပ်လိုက်၊ မျက်စေ့က လော်လိုက်ဖြစ်သွားတယ်။
ပြီးမှ စူပုပ်တာလား ဘာလားမသိတဲ့ မျက်နှာနဲ့
"အကြောင်းပြချက်တစ်ခုပေးရင် တကယ်ပြတ်မှာလား"
"အေး ပြတ်မယ်။ပြော အကြောင်း ပြချက်တစ်ခု"
"ဟိုလေ"
သူမ စကားစမလိုလုပ်ပြီးမှရပ်သွားတယ်။ပြီးမှ ပြုံးဖြီးဖြီးနဲ့
"အကြောင်းပြချက်ရှိရင် တကယ် ပြတ်မှာနော်"
"ပြောပြီးပြီလေ အကြောင်းပြချက်ရှိရင် ပြတ်မယ်"
"ပြီးရော"
သူမ ခပ်တည်တည်နေရာမှ ပြုံး လိုက်တယ်။ ပြီမှ
"Face book ပေါ်တင်ချင်လို့"
"ဘာ"
သူမ ဖြဲခနဲရယ်လိုက်ပြီး
"ဟိုလေ သူများတွေ အသည်း ကွဲ ကြောင်း Facebook ပေါ်
တင်နေ ကြတာ အား ကျ ကျွန်မလဲ တင်ချင်လို့"
စိတ်ထဲ အတော်တင်းသွားတယ်။ ကြည့်ဦး။ အသည်းကွဲကြောင်း 
Facebookပေါ် တင်ချင်ယုံနဲ့ ရည်းစား ငုတ်တုတ်ကြီးလာ
ပြတ် နေတာ။ 
ကိုယ်လဲဒေါသထွက်ပြီး ပြောမိတယ်။
"ပြတ်ပြီ။ဒါပဲ"
"ပြီးရော"
လှစ်ခနဲပြေးထွက်သွားတာမြင် လိုက်တယ်။
သိမကြာဘူး facebook ဖွင့်ကြည့် တော့
သူ Accountမှာရေးထားတာက

"သစ္စာမရှိတဲ့ လူကြီးတစ်ယောက်နဲ့ လမ်းခွဲလိုက်ရလို့
ဝမ်းမနည်းပါဘူး။ 
ဒါပေမယ့်ကိုယ့် ရဲ့မေတ္တာတရား အတွက်
မျက်ရည်ကျမိတယ်။ ဒီလိုသစ္စာမဲ့တဲ့  လူမျိုးကိုလဲ အပင်ပန်းခံ 
ကျိမ်မ နေတော့ပါဘူး။ သူဘဝနဲ့သူ ကိုယ့်ဘဝနဲ့
ကိုယ်ဖြစ်သွားပြီ။ ဒီနေ့ဝအောင်ငိုမယ်။
နောက်နေ့မငို တော့ဘူး ဒါပဲ…"

ပိုအံ့သြဖို့ကောင်းတာက သူစာအောက်မှာ
ဝိုင်းကွန်မန့် ရေးထားတာတွေက
"ဟယ် သနားလိုက်တာ ညီမလေးရယ်"
"ယောက်ျားတွေက ဒီလိုပဲ သစ္စာမ ရှိကြဘူး"
ကောင်လေးတွေကလည်း မန့်ထားကြတာက
"အားတင်းထား ညီမလေး။ သူက သစ္စာမရှိပေမဲ့
တို့တွေရှိတယ်"
ဆိုတာတွေတန်းစီတွေ့လိုက်ရတယ်။
သိပ်မကြာဘူး။ ကျုပ်ကိုပါ block သွားတော့တာပါပဲဗျာ။
tongue emoticon
အကြည်တော်

နှင်းဝေတဲ့ဆောင်း




ဆောင်းလေကလေး တချက်အဝေ့
နှင်းငွေ့ငွေ့နဲ့ ဖွဖွအေးတဲ့
မြောက်ပြန်လေက လာလှုပ်နိုးတယ်...
နှင်းရည်ဆမ်းတဲ့ စံပါယ်ပွင့်ကလေး
ပျံ့ပျံ့သင်းလို့ရနြံ့ဖာပေးတယ်...
ကြည့်လေရာမြူဆိုင်းတဲ့
ဒီရာသီဆောင်းပေမို့...
ခရေတွေလည်းဖူးပြန်လို့
ရာသီဦးမှာ ပွင့်ခဲ့တယ်...
မြမြအေးတဲ့ငွေ့နှင်းထဲက
ဆောင်းအလယ် သဇင်တခေါက်
ပွင့်ပြန်တယ်..
နွေရာသီ တစ်ခေါက်ပြောင်း
မိုးရာသီတစ်လှည့်ဟောင်းလို့
နှင်းဝေတဲ့ တစ်ဆောင်းသစ်ပြန်ပြီလေ...။


blackroze

Friday, December 11, 2015

၂၀၁၅ ဒီဇင်ဘာ အားကစားပြိုင်ပွဲ ( သရက်တန်း )


သရက်တန်း အထက ခွဲ ကျောင်းသူကျောင်းသားများ
ဒီဇင်ဘာလ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်မှု မှတ်တမ်းများ


သတင်းဓာတ်ပုံ - Nan Kham Lay










Tuesday, December 8, 2015

ဇရပ်ကြီးဒေသ လယ်ယာစီးပွားပုံရိပ်များ

ဇရပ်ကြီးဒေသ လယ်ယာစီးပွား
စပါးချွေ၊ စပါးပုတ် လူမှုစီးပွားဓလေ့မြင်ကွင်းများ

ဓာတ်ပုံ - နန်းချောငယ်












Zayatkyi Family