ဟင်းထုပ် ( ငါးပေါင်းထုပ် ) လို့လည်း ခေါ်ပါတယ်
အခြေခံထည့်သွင်းတဲ့ အသီးအနှံတွေကတော့
ပဲဆီ၊ အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ ၊နီ ၊
ငှက်ပျောအူ၊ ဆန်နှစ်၊ တို့နဲ့ ပြုလုပ်ပါတယ်။
အများအားဖြင့် အသီးအရွက်များဖြင့်သာ
သက်သက်လွတ် အနေနဲ့ပြုလုပ်ကြပါတယ်
ရောင်းဖို့မဟုတ်ပဲ အိမ်သီးသန့်စားဖို့အတွက်ဆို
အချို့က ငါး၊ ၀က်သားစသဖြင့်
ထည့်သွင်းပြုလုပ်တတ်ကြပါတယ်
မုန့်ကို ငှက်ပျော်ဖက်နဲ့ မထုပ်ခင် ရဲယိုရွက်နုနဲ့
အရင်ပတ်ပြီး အုပ်ခံထားရှိပါတယ်။
ဆိုင်ကြီးများမှာ အတွေ့ရနည်းပါးပြီး
ပအိုဝ်းရိုးရာ မုန့်သွားရည်စာ တနိုင်တပိုင်
စီးပွားရေးလုပ်ငန်းအနေနဲ့ ပြုလုပ်
ရောင်းချလေ့ရှိကြတယ်။ ပဲခူးရိုးမ အရှေ့ခြမ်း
ပအိုဝ်းဒေသများနဲ့ သထုံနယ်ဘက် ပအိုဝ်းဒေသ
များက ပြုလုပ်တဲ့ ငါးပေါင်းထုပ်ဟာ
အနံ့အရသာ အထူးကောင်းမွန်ပါတယ်။
ထမင်းနဲ့ ဟင်းလျာအဖြစ်ပါ စားသုံးကြသလို
မုန့်သွားရည်စာ တစ်ခုအနေအားဖြင့်လည်း
နှစ်သက်စွာ စားသုံးတတ်ကြပါတယ်။
Photo : ဇရပ်ကြီး စစ်တောင်းအရှေ့ဒေသ Group
░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░
www.zayatkyimedia.blogspot.com ( website )
www.facebook.com/zayatkyimedia ( Social Page )
www.facebook.com/groups/ZayatkyiGroup ( Group )
No comments:
Post a Comment