
နယ်ချဲ့အင်္ဂလိပ်တို့သည်
မြန်မာနိုင်ငံကို ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီးနောက်
၁၈၈၉
ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးအား ဗြိတိသျှ
အင်ပါယာအတွင်းသို့
သွတ်သွင်းခဲ့သည်။ ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့်
နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့ရသော
မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်တွင်
ကျွန်အဖြစ်ကျရောက်ခဲ့သည်မှာ
ဝမ်းနည်းဖွယ် ဖြစ်သည်။
ထိုအခါ
သူ့ကျွန်ဘ၀သို့ ကျရောက်ခဲ့ရသည့်အဖြစ်ကို မခံမရပ်နိုင်ဖြစ်ကြသော
တိုင်းရင်းသားပြည်သူများသည်
ရရာလက်နက်ကိုင်စွဲကာ နယ်ချဲ့အင်္ဂလိပ်တို့ကို
တွန်းလှန်တိုက်ခိုက်နိုင်သည်မှာ
၁၀ နှစ်ခန့်သာ ကြာမြင့်ခဲ့သည်။
စစ်ပညာ၊
လက်နက်အင်အား၊ စနစ်တကျစုစည်းဖွဲ့စည်းမှု အားနည်းသောကြောင့်
နယ်ချဲ့ကို
လက်လျော့ကာ သူကျွန်ဘ၀တွင် အညံ့ခံနေထိုင်ခဲ့ရသည်။
နယ်ချဲ့တို့အား
တွန်းလှန်တိုက်ခိုက်မှု ၁၈၉၆ ခုနှစ်တွင် ချုပ်ငြိမ်းသွားသည်မှာ
မြေပြန့်ဒေသများတွင်သာ
ဖြစ်သည်။ ချင်း၊ ကချင်တောင်တန်းဒေသများတွင်မူ
နယ်ချဲ့ဆန့်ကျင်ရေးတွန်းလှန်မှုများမှာ
၂၀ ရာစုအစောပိုင်းကာလအထိ
ဖြစ်ပွားခဲ့သည်။
မြန်မာတိုင်းရင်းသားတို့၏ မျိုးချစ်စိတ်ဓာတ်သည် မိမိတိုင်းပြည်၊
မိမိလူမျိုးအတွက်
ပြင်းထန်လှသည်။ လက်နက်ကိုင် တော်လှန်မှု ကျဆုံးခဲ့
သော်လည်း
မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်များမှာ မည်သည့်အခါမှ
ပျောက်ကွယ်သွားသည်
မရှိချေ။
နယ်ချဲ့အရင်းရှင်
စနစ်အောက် ကျရောက်ခဲ့သော မြန်မာတိုင်းရင်းသား
ပြည်သူတို့သည်
စီးပွားရေးခေါင်းပုံဖြတ်မှု၊ နိုင်ငံရေးဖိနှိပ်မှု၊ လူမျိုးရေး ချိုးနှိမ်မှု
တို့ကို
ခံစားခဲ့ရသည့်အပြင် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတို့ကိုလည်း
မှေးမှိန်ခြင်း
ခံခဲ့ရသည်။ တိုင်းရင်းသားပြည်သူများ၏ အထွေထွေနစ်နာချက်များအပေါ်
ဝေဖန်
သုံးသပ်နိုင်သည့် ခေတ်ပညာတတ် မြန်မာလူငယ်များ ၁၉ ရာစု အကုန်၊
၂၀
ရာစုဆန်းစ ကာလတွင် ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့်
အမျိုးသားရေး စိတ်ဓာတ်အားကောင်းလာစေရန် ပညာ သည် အခြေခံ
ကျသည်။
ကိုလိုနီလက်ထက်မတိုင်မီက မြန်မာတို့သည် ပညာကို အလေးထားခဲ့သည်။
သို့သော်
အုပ်ချုပ်သူ လူတန်းစားနှင့် ကြွယ်ဝသူများသာ အခွင့်အလမ်းရှိသည်။
ကျန်ပြည်သူများမှာ
ဘုန်းတော်ကြီးသင် ပညာဖြင့် အသိပညာကို မြှင့်တင်ခဲ့ရသည်။
ပညာတတ်မြောက်သည့်
သူများအနေဖြင့် မိမိတို့တိုင်းပြည်၊ မိမိတို့လူမျိုး အကျိုးစီးပွားကို
ကာကွယ်စောင့်ရှောက်ရန်
စနစ်ကျသည့် အစီအမံအခွင့်အလမ်းများကို အသုံးမချနိုင်၊
သက်ဦးဆံပိုင်
ဘုရင်စနစ်၏ ပြည်သူကို မြှင့်တင်အားပေးနိုင်မှုမရှိခြင်းက သူ့ကျွန်ဘ၀သို့
ကျရောက်ရသည့်
အကြောင်းအရင်းများ ဖြစ်သည်။
နယ်ချဲ့အင်္ဂလိပ်လက်ထက်တွင်
ကျွန်ပညာရေးကို ထူထောင်ပေးခဲ့သဖြင့် ၎င်းတို့ကို
ကျေးဇူးတင်ရမလိုဖြစ်သည်။
ကမ္ဘာကိုကြည့်ရန် အင်္ဂလိပ်စာတတ် မြန်မာလူငယ်များ
ပေါ်ထွက်လာသည်။
အမျိုးသားကျောင်းနှင့် တက္ကသိုလ်တို့တွင် ပညာသင်ကြား
နိုင်ခြင်းသည်ပင်
မြန်မာလူငယ်များအတွက် အမျိုးသားလွတ်မြောက်ရေးလမ်းစကို
ဖော်ဆောင်နိုင်ခြင်းပင်
ဖြစ်သည်။
မြန်မာတိုင်းရင်းသားတို့
အမျိုးသားနိုင်ငံရေးမျက်စိ ပိုမိုပွင့်လင်းလာစေရေးအတွက်
အိန္ဒိယအမျိုးသား
ကွန်ဂရက်အသင်းကြီး၏ အမျိုးသားရေး ဆောင်ရွက်ချက်များ၊
ဆွန်ယက်ဆင်၏
မန်ချုးဆန့်ကျင်ရေးလှုပ်ရှားမှုများကို သိမြင်လာခြင်း၊ ရုရှားနှင့်
ဂျပန်စစ်ပွဲတွင်
အာရှတိုက်သားဂျပန်တို့ စစ်နိုင်သည့်အချက်များသည် မြန်မာတို့၏
သူ့ကျွန်ဘ၀မှ
လွတ်မြောက်ရေး အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားထက်သန်
စေခဲ့သည်။
ဆက်လက်၍
ဝံသာနုရက္ခိတအသင်းများ၏ အမျိုးသားရေးလှုပ်ရှားမှုများ၊ အမျိုးသား
ကျောင်းနှင့်
ကိုလိုနီပညာရေးစနစ်ကို ကန့်ကွက်နိုင်မှု အောင်ပွဲများမှာ သူ့ကျွန်ဘ၀မှ
လွတ်မြောက်နိုင်ရန်အတွက်
အခြေခံအင်အားများဖြစ်သည်။ မြန်မာလူငယ်များ
ပညာအရာ
မြင့်မားလာသည်နှင့်အမျှ နိုင်ငံနှင့်လူမျိုးအတွက် အမြင်ကျယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာတို့၏ လွတ်မြောက်ရာလမ်းကြောင်းကို ရှာဖွေနိုင်ခဲ့ခြင်းတို့သည်
အမျိုးသား
ပညာရေးနှင့်
အမျိုးသားလှုပ်ရှားမှုများမှ အခြေတည်ခဲ့သည်။ တစ်နည်းဆိုသော်
ပညာကို
အခြေခံသည့် အမျိုးသားအောင်ပွဲဟု ဆိုရမည်ဖြစ်သည်။
The Mirror
No comments:
Post a Comment