Saturday, November 14, 2015

ညီတော်စေတီ - ( မြတ်စောညီနောင်ဘုရား - တောင်ငူ )



ညီတော်စေတီ -
( မြတ်စောညီနောင်ဘုရား - တောင်ငူ )
တောင်ငူမြို့နယ်အတွင်း တည်ရှိပြီး နှစ်ပေါင်း
၂၃၀၀ ခန့်ရှိပြီဖြစ်သော ရှေးဟောင်းသမိုင်းဝင် 
စေတီဘုရားတစ်ဆူဖြစ်သည်။
မြတ်စွာဘုရားရှင်နှင့် ညီတော်အာနန္ဒာတို့ 
ရှေးအတိတ်ဘ၀တစ်ခုတွင်ကြက်မင်းညီနောင်ဖြစ်ခဲ့ရာ 
နေရာတွင် တည်ထားသောမြတ်စောညီနောင် 
စေတီ ၂ ဆူအနက်မှ ညီတော်စေတီတော် ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်၏ လက်ရုံးတော်မှ ကျသော
ဓာတ်တော်အစစ်နှင့် မေးရိုးတော်ဓာတ်တော်အစစ်
တို့ကို ဌာပနာထည့်သွင်းထားသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ ကျော်ကာလ 
သီရိဓမ္မာသောက မင်းကြီးသည် မြတ်စွာဘုရားရှင်၏ 
ဓာတ်တော်များကို အတိုင်းတိုင်း အပြည်ပြည်သို့ 
သာသနာပြု ရဟန်းတော်များအားဖြန့်ဝေပူဇော်စေမှု 
ပြုခဲ့ရာတွင် ရရှိသော ဓာတ်တော်များကို 
မြတ်လှနှင့် စောလှ ညီနောင်နှစ်ဦးမှ စတင်တည်ထား
ကိုးကွယ်ခဲ့ကြပြီး ပုဂံခေတ် လွန်ခဲ့သော နှစ်ပေါင်း ၉၀၀
ခန့်က နရပတိစည်သူမင်းကြီး တိုင်းခန်းလှည့်လည်သောအခါ 
ဤဘုရားကိုတွေ့ရှိပြီး ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲကာ 
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ခန့်က တောင်ငူမင်း 
အဆက်ဆက်ကလည်း ပြုပြင်မွမ်းမံ ကိုးကွယ်ခဲ့ကြသည်။
တောင်ငူမြို့၏ အရှေ့တောင်ဘက် ၇ မိုင်ခွဲခန့်အကွာ
တောင်ငူ - ဇရပ်ကြီး ကားလမ်းနံဘေး တောင်ကုန်းမြင့်
ပေါ်တွင်တည်ထားပြီး နောင်တော်စေတီ၏ အရှေ့ဘက်
စောင်းတန်းအတိုင်း ဆင်းသွားပါက အရှေ့ဘက် ၄ ဖာလုံ
ခန့် အကွာတွင် မြေညီပြန့်ပေါ်တွင် ညီတော်စေတီ 
တည်ထားသည်။ နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် 
ဘုရားပွဲတော်ကို ကျင်းပလေ့ရှိသည်။
PhotoBy: Ko Tu Tu ( Zayatkyi )
░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░

No comments:

Post a Comment