❅ ကြက်သားပလာတာ
ကြက်သားပလာတာ ဟုခေါ်သော
မုန့်ဟင်း တစ်မျိုးမှာ ဒေသအစားအစာ
တစ်မျိုးဖြစ်ပြီး မနက်စာ၊ နေ့ခင်း သရေစာ၊
ညနေဘက်အဆာပြေ စားစရာအဖြစ်
ဒေသတွင်း စားလေ့ရှိကြသည်။
ဇရပ်ကြီးဒေသအတွင်း နှစ်သက်သူများသောကြောင့်
ရိုးရာပွဲတော်များတွင် ဆိုင်ခန်းကြီးများဖွင့်၍
ကြက်သားပလာတာကို ရောင်းလေ့ရှိကြသည်။
အာလူး၊ ကြက်သား၊ ဂျုံ နှင့် ပဲတို့ကို
အခြေခံပြုလုပ်ပြီး ဂေါ်ဖီ၊ ကြက်သွန်နီတို့ တွဲဘက်၍
စားကြပြီး သက်သက်လွတ်စားသူများအတွက်
အသားမထည့်ဘဲ ပဲဟင်းရည်သီးသန့် ထည့်၍လည်း
စားတတ်ကြသည်။
အစပ်ကြိုက်သူများအတွက်
ငရုတ်သီစိမ်းတို့ဖြင့် တွဲဘက်စားသုံးရသော
ဒေသ မုန့်ဟင်းတစ်မျိုး ဖြစ်ပါသည်။
░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░
www.zayatkyimedia.blogspot.com ( website )
www.facebook.com/zayatkyimedia ( Social Page )
www.facebook.com/groups/ZayatkyiGroup ( Group )
www.facebook.com/groups/ZayatkyiGroup ( Group )
No comments:
Post a Comment